အရေးပေါ်ရွေ့ပြောင်းခြင်း
အရေးပေါ်အချက်ပေးသံ စမြည်ပါက-
- အနီးဆုံးနှင့် အလုံခြုံဆုံးလှေကားမှ ထွက်ခွာပါ။
- ဓါတ်လှေကားကို အသုံးမပြုပါနှင့်။
- အရေးပေါ်လုပ်ဆောင်ချက်အတွင်း ဘေးကင်းစေမည့် အနီးစပ်ဆုံး စုရပ်ကိုရွေးပါ။
- မိမိနှင့်သက်ဆိုင်ရာ မီးသတ်တာဝန်ခံ၊ တာဝန်ရှိသူ၏ ညွန်ကြားချက်များကို လိုက်နာပါ။
The Campus ၏ အရေးပေါ်စုရပ် နေရာများ
အောက်တွင်ဖော်ပြထားသည့်အတိုင်း အရေးပေါ်စုရပ် ၂နေရာရှိမည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် ဘေးကင်းမှု အရှိဆုံးနှင့် အလုံခြုံဆုံးနေရာတွင် စုဝေးကြရန် အကြံပြုအပ်ပါသည်။
- Assembly Point A – wing A & Wing B
- Assembly Point B – Wing C
မီးအရေးပေါ်
မီးလောင်မှုဖြစ်ပွားပါက -
- အထိတ်တလန့်မဖြစ်ပါနှင့် ။
- ဓါတ်လှေကားအသုံးမပြုပါနှင့်။. ထိုအချိန်တွင် ဓါတ်လှေကားများ လည်ပတ်မည်မဟုတ်ပါ။
- မိမိနှင့် အနီးဆုံးရှိ အရေးပေါ်လှေကားမှ ထွက်ခွာပါ။
- Exit ထွက်ပေါက်မှ လှေကား လက်တန်းကိုကိုင်၍ ဆင်းပါ။
- သတ်မှတ်ထားသော စုရပ်သို့သွားပြီး သက်ဆိုင်ရာတာဝန်ရှိသူ (သို့) မီးသတ်တာဝန်ခံ၏ ညွှန်ကြားချက်များကို စောင့်ပါ။
- သက်ဆိုင်ရာ တာဝန်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦအတွင်းသို့ လုံးဝပြန်မဝင်ပါနှင့်။
မထွက်ခွာနိုင်လျှင် -
- တံခါးများနှင့် လေဝင်ပေါက်များရှိ နေရာလွတ်အပေါက်များအားလုံးကို မျက်နှာသုတ်ပုဝါအစိုများ၊ အဝတ်စအစိုများဖြင့် ပိတ်စို့ပါ။
- တံခါးများနှင့် နံရံများကို ရေခဲပုံး (သို့) ရေကိုအသုံးပြု၍ တံခါးများနှင့် နံရံများကို စိုစွတ်အောင်ပြုလုပ်ပါ။
- အခန်းတ္ငင်းမီးခိုးငွေ့များ ရှိနေပါက စိုစွတ်သော မျက်နှာသုတ်ပုဝါတစ်ထည်ကို တြိဂံပုံစံခေါက်၍ နှာခေါင်းနှင့် ပါးစပ်တွင်ချည်ပြီး ခန္ဓာကိုယ်ကို အောက်တွင်ဝပ်ထားပါ။
- သင့်အား ပြတင်းပေါက် (သို့) ဝရံတာများမှတဆင့် ကယ်ဆယ်ရေးသမားများမြင်နိုင်အောင်နေပါ၊ ခုန်မချပါနှင့် ။
- အကူအညီမရောက်မချင်း တတ်နိုင်သလောက် မီးငြိမ်းသတ်ပါ ၊ အရှုံးမပေးပါနှင့် ။
- ရုံးတွင်း အလွှာတိုင်းရှိ Wingတိုင်းတွင် မီးသတ်ပိုက်များ၊ မီးသတ်ဆေးဗူးများ ထားရှိထားပါသည် ။
မီးသတ်လေ့ကျင့်မှု
မီးသတ်လေ့ကျင့်မှု ပြုလုပ်ရမည့် အချိန်နှင့်ပတ်သက်၍ ဝန်ထမ်းများနှင့် နေထိုင်သူများကို ကြိုတင်အသိပေး အကြောင်းကြားမည်ဖြစ်ပါသည်။
အရေးပေါ်အချက်ပေးသံမြည်သည့်အခါ-
- အနီးဆုံးထွက်ပေါက်ကို ချက်ချင်းသွားပါ။
- ဓါတ်လှေကားအသုံးမပြုပါနှင့်။
- အရေးပေါ်လုပ်ထုံးလုပ်နည်းတွင် ဖော်ပြထားသည့် အလုံခြုံဆုံး နှင့် အနီးဆုံး စုရပ်သို့ သွားပါ။
- အရေးပေါ်တာဝန်ခံ (သို့) မီးသတ်ဌာနထံမှ ညွှန်ကြားချက်များကို လိုက်နာပါ။
ဓါတ်လှေကားအတွင်း ပိတ်မိခြင်း
စက်ချို့ယွင်းမှုကြောင့် ဓါတ်လှေကားရုတ်တရက် ရပ်တန့်သွားပါက ကျေးဇူးပြုပြီး ထိန့်လန့်မသွားပါနှင့်။ ဓါတ်လှေကား၏ အလိုအလျောက် ကယ်ဆယ်ရေးကိရိယာသည် ဓါတ်လှေကားကို အနီးဆုံးအထပ်သို့နိမ့်ချ၍ တံခါးဖွင့်ပေးလိမ့်မည်ဖြစ်သည်။ အရေးပေါ်မီးစက်သည် ၁၅ စက္ကန့်မှ ၃၀ စက္ကန့် အတွင်း ဓါတ်လှေကားသို့ ပါဝါစတင်ပေးမည်ဖြစ်သည်။
ဓါတ်လှေကားအတွင်း ပိတ်မိခဲ့လျှင် -
- ဓါတ်လှေကားအတွင်းရှိ အချက်ပေးခလုတ် ကိုနှိပ်ပါ၊ intercom မှ တုံ့ပြန်မှုရလျှင် မိမိကြုံတွေ့ရသော ပြဿနာကို ပြောပြပါ။
- တံခါးဖွင့်ရန် မကြိုးစားပါနှင့်။
- လက်ရန်းကို ကိုင်ထားပြီး တံခါးပေါက်နားမှ ဖယ်နေပါ။
- ဓါတ်လှေကား ပြုပြင်သူများမှ အနိမ့်ဆုံးအဆင့်သို့ရောက်အောင် လျော့ချပေးပြီး အပြင်မှနေ၍ တံခါးများကို ဖွင့်ပေးပါလိမ့်မည်။
- လုံခြုံမှုရှိအောင် ကူညီဆောင်ရွက်ပေးမည့်အတွက် စိတ်အေးအေးထားပါ။
မုန်တိုင်းအရေးပေါ်
ပြင်းထန်သော မုန်တိုင်းအရေးပေါ်အခြေအနေအတွင်း-
- သက်ဆိုင်ရာ အာဏာပိုင်များ၏ ကြေညာချက်များနှင့် အရေးပေါ်တာဝန်ခံများ၏ လမ်းညွှန်ချက်အခြေအနေများကို နားထောင်ပါ ။
- သင့်အား ဘေးလွတ်ရာသို့ ပြောင်းရွေ့ရန် အကြံပြုထားခြင်းမရှိသေးပါက ပြတင်းပေါက်များနှင့် ဝေးဝေးတွင်နေထိုင်ပါ။
- လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများကို ခလုတ်များကို ပိတ်ထားပြီး အသုံးပြုခြင်းမှ ရှောင်ကြဥ်ပါ။
- မုန်တိုင်းတိုက်ခတ်နေစဥ် ကားမောင်းနေပါက သစ်ပင်များ၊ ဓါတ်အားလိုင်းများနှင့် ရေပိုက်လိုင်းများ ဝေးသော နေရာတွင် ကားကို ချက်ချင်းရပ်၍ ကားထဲမှာဘဲ နေပါ။
ငလျင်
ငလျင်လှုပ်ခတ်မှု ဖြစ်လျင်
- မြေပြင်ပေါ်သို့ ဝပ်ချပါ။
- ခိုင်ခံ့သောစားပွဲအောက်တွင် ဝပ်ကာ တုန်ခါမှုရပ်သည့်အချိန်ထိ အကာအကွယ်ယူပါ။
- အိမ်ထဲတွင်သာနေပါ၊ အဆောက်အဦပြင်ပသို့မထွက်ပါနှင့် ။ ဓါတ်လှေကားကိုအသုံးမပြုပါနှင့် ။
- ပြတင်းပေါက်များ၊ ကြီးမားသော မှန်များရှိရာနေရာနှင့် ဝေးဝေးတွင်နေပါ။
- နံရံမှတွဲလောင်းပြုတ်ကျနိုင်သော လေးလံသည့်အရာဝတ္ထုများအောက်တွင် မနေပါနှင့် ။
- အထူးအကူအညီလိုအပ်နေသူများကို ဘေးကင်းသည့်နေရာရောက်အောင် ကူညီပေးပါ။
- ဘီးတပ်ကုလားထိုင်အသုံးပြုသူများအနေနှင့် ဘီးကိုလော့ချထားသင့်သည်။
မတော်တဆမှု / နာမကျန်းဖြစ်ခြင်း
လုပ်ငန်းခွင်အတွင်း မတော်တဆမှု/ နာမကျန်းမှု ဖြစ်ရပ်များအားလုံးအတွက် အရေးပေါ်တာဝန်ခံ အဖွဲ့ဝင်များ (သို့) Front Desk Office ထံ ချက်ချင်းအကြောင်းကြား၍ အကူအညီရယူပါ။
လုပ်ငန်းခွင် လုံခြုံရေး
- ဝင်ခွင့်ကဒ်ပြားမပါဘဲ လုပ်ငန်းခွင်အဆောက်အဦတွင်းသို့ မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်ခွင့်မပြုပါနှင့်၊ မိမိနောက်သို့ ပေးမလိုက်ပါနှင့်။
- သံသယဖြစ်စရာ လှုပ်ရှားမှုများ၊ ပုဂ္ဂိုလ်များတွေ့ရှိပါက အရေးပေါ်တာဝန်ခံ အဖွဲ့ဝင်များ (သို့) Front Desk Office သို့ ချက်ချင်းသတင်းပို့ပါ။
- သင့်ပတ်ဝန်းကျင်ကို အမြဲသတိနှင့် စောင့်ကြည့်ပါ။
အရေးပေါ်တုံ့ပြန်မှုလမ်းညွှန်
Emergency Response Position | Name | Contact |
---|---|---|
Emergency Response Coordinator | Nay Linn Htun Min Naung Aye |
09 777 229 229 09 778 298 765 |
Security Control Room | Duty Officer | 01 368 77 66 (Ext: 8633) |
Security Guard Post 1 | Duty Security | 01 368 88 66 (Ext: 8631) |
Security Guard Post 2 | Duty Security | 01 368 77 66 (Ext: 8630) |
Main Front Desk | Duty Receptionists | 01 368 77 66 (Ext: 8441, 8442) |
Building Maintenance Office | Maintenance Team Maintenance Engineer |
01 368 77 66 (Ext: 9999) 09 777 257 888 |
Communication Team Leader | Thiri Yee Mon | 09 777 211 888 |
Facilities Team Leader | Yin Mon Oo | 09 450 005 735 |
Evacuation / Emergency Warden Leader | Saw Nyi Nyi San | 09 777 224 445 |
Traffic Control Team Leader | Wai Phyo Maung | 09 777 257 888 |
Headcount Team Leader | Aye Thida Soe | 09 777 223 883 |
Logistic Management | Lwin Lwin Soe | 09 785 421 002 |
First Aiders Leader | Security Team | 09 955 400 922 |