လစာ နှင့် လစာမူဝါဒများ

စည်းမျဉ်းစည်းကမ်းအရ မဖြစ်မနေလုပ်ရသော ဖြတ်တောက်ခြင်းများ (ကိုယ်ပိုင် ဝင်ငွေခွန်‌ ပေးဆောင်ခြင်းနှင့် လူမှုဖူလုံရေးအဖွဲ့ကြေး ကဲ့သို့သော)ကို ဝန်ထမ်း၏ လစဉ် လုပ်ခလစာထဲမှ ဖြတ်တောက်သွားမည်ဖြစ်သည်။ ဝန်ထမ်း၏ လုပ်ခငွေထဲမှ ဖြတ်တောက်မှုအားလုံးကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ပြုလုပ်ရမည်ဖြစ်ပြီး လစဉ်ဝန်ထမ်း၏ လစာဖြတ်ပိုင်းထဲတွင် ထည့်သွင်းဖော်ပြရ မည်ဖြစ်ပါသည်။

လုပ်ခငွေ/လစာထဲမှမည်သည့်ဖြတ်တောက်မှုများအတွက်မဆိုသက်ဆိုင်ရာဥပဒေနှင့်အညီလေးစားလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပြီးလစဉ်ဝန်ထမ်း၏လစာဖြတ်ပိုင်းထဲတွင်ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။ လစာဖြတ်တောက်ခြင်းအားသက်ဆိုင်ရာဝန်ထမ်းရေးရာဌာနမှလစာထုတ်ရက်မတိုင်မီဝန်ထမ်းကို အသိပေးရမည်ဖြစ်သည်။

ဝန်ထမ်းများ ယှဉ်ပြိုင်လိုစိတ်ရှိစေရန်အတွက် လစာတွက်ချက်မှုပုံစံများကို နှစ်စဉ် ပြန်လည်သုံးသပ်မည်ဖြစ်သည်။ ထို့အပြင် ဝန်ထမ်း၏ စွမ်းဆောင်ရည်ကိုလည်း တစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြီး ရိုးမအုပ်စု စီမံခန့်ခွဲရေးအဖွဲ့၏ သီးခြားဆုံးဖြတ်ချက်ဖြင့် လစာကို ပြန်လည်သုံးသပ်နိုင်သည် (သို့) တိုးပေးနိုင်သည်။