Yoma Family Day ၏ အားကစားပြိုင်ပွဲများတွင် ပါဝင်ရန်အတွက် စာရင်းပေးသွင်းရန် ဖိတ်ခေါ်ခြင်း
၂၀၂၄ ခုနှစ်ရဲ့ Yoma Family Day ပွဲမှာ စိတ်လှုပ်ရှားဖွယ်ရာ အားကစားပြိုင်ပွဲများဖြစ်သော စားပွဲတင် တင်းနစ်၊ တင်းနစ်၊ ကြက်တောင်၊ ဘတ်စကက်ဘောနှင့် ဖူဆယ်လ်ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြရန် အားကစား ဝါသနာရှင်များအားလုံးကို ဖိတ်ခေါ်လိုက်ပါသည်။
ပွဲစဥ်များ
- ဖူဆယ်လ်
အမျိုးအစား – (၁) အမျိုးသမီး (၂) အမျိုးသား (၃) အမျိုးသမီး အမျိုးသား အရော - ကြက်တောင်ရိုက်
အမျိုးအစား – (၁) အမျိုးသမီး တဦးချင်း (၂) အမျိုးသား တဦးချင်း (၃) အမျိုးသား၊ အမျိုးသမီး နှစ်ဦးတွဲ - စားပွဲတင်တင်းနစ်
အမျိုးအစား – (၁) တစ်ဦးချင်း ယှဉ်ပြိုင်မှု (၂) နှစ်ဦးတွဲ ယှဥ်ပြိုင်မှု) - တင်းနစ်
အမျိုးအစား – (၁) အမျိုးသမီး တဦးချင်း (၂) အမျိုးသား တဦးချင်း (၃) အမျိုးသမီး အမျိုးသား နှစ်ဦးတွဲ (၄) အမျိုးသား ၂ ဦးတွဲ - ဘတ်စကပ်ဘော (3v3)
အမျိုးအစား – အသင်းလိုက် (တသင်းလျှင် ၅ ယောက်အများဆုံး)
မိမိတို့ရဲ့ အားကစားစွမ်းရည်တွေကို ထုတ်ပြနိုင်မှာဖြစ်လို့ ပါဝင်ယှဥ်ပြိုင်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။ သက်ဆိုင်ရာ အားကစားတွေမှာ ကျွမ်းကျင်သည်ဖြစ်စေ ၊ ဝါသနာပါသည်ဖြစ်စေ Yoma Family Day ရဲ့ အားကစားလှုပ်ရှားမှုတွေမှာ ပါဝင်ပြီး မေ့မရနိုင်တဲ့ အတွေ့အကြုံတွေကို ဖန်တီးနိုင်မှာ ဖြစ်ပါသည်။
စာရင်းပေးသွင်းနိုင်သည့်ကာလ
၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ
စာရင်းပေးသွင်းရန်
သင်ပါဝင်ဆင်နွဲလိုသည့် ပြိုင်ပွဲ (များ) ကို ysc@yoma.com.mm သို့ အီးမေလ်းပေးပို့၍ စာရင်းပေးသွင်းနိုင်ပါသည်။
၂၀၂၄ ခုနှစ် Yoma Family Day တွင် လုပ်ဖော်ကိုင်ဖက်များနှင့် အတူ ရင်းနှီးစွာ ပါဝင်ပျော်ရွှင်နိုင်မှာဖြစ်လို့ လက်လွတ် မခံဘဲ ပါဝင်ဆင်နွဲကြဖို့ တိုက်တွန်းလိုက်ပါသည်။