WFH The Yoma Way လမ်းညွှန်ချက်များ (Unicode MM Font)

Division Human Resources
Policy number 002
Last Updated 17th April 2020
Approved By Melvyn Pun & Martin Appel

၁။ နိဒါန်း

COVID-19 အရေးပေါ်ကာလအတွင်း စီမံခန့်ခွဲမှုများအတွက် ရိုးမအုပ်စု (လုပ်ငန်းစု) သည် COVID-19 Command Center (“CCC”) ကို ဖွဲ့စည်းခဲ့ပါသည်။ ဝန်ထမ်းများအား အဝေးမှနေ၍ ရုံးအလုပ်များ လုပ်ကိုင်ခြင်းကို ကျင့်သားရစေရန် လိုအပ်သည့် မူဝါဒများနှင့် လမ်းညွှန်ချက်များကို ချမှတ်ပေးရန်မှာ CCC ၏ တာဝန်ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် ရိုးမဝန်ထမ်းများအနေဖြင့် နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ခြင်းကို အချိန်အတိုင်းအတာ တစ်ခုအထိ ဆက်လက်ကျင့်သုံးနေရဦးမည်ဖြစ်ပါသည်။
ယခုတင်ပြသည့်စာတမ်းသည် နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ခြင်းအတွက် လမ်းညွှန်ချက် မူဘောင်များကို အနှစ်ချုပ်ဖော်ပြရန်နှင့် ဝန်ထမ်းများနှင့် မန်နေဂျာများ လိုက်နာလုပ်ဆောင်ရန် လိုအပ်သည်များကို ရှင်းလင်းစွာ သိရှိစေရန် ရည်ရွယ်ပါသည်။
နေအိမ်မှာနေ၍ အလုပ်လုပ်ခြင်းကို “WFH The Yoma Way” ဟု ရည်ညွှန်းဖော်ပြသွားပါမည်။

၂။ ရည်ရွယ်ချက်

ဤစာတမ်းတွင် ဝန်ထမ်းများအတွက် “WFH The Yoma Way” ဆိုင်ရာ လမ်းညွှန်ချက်များကို ဖော်ပြသွားမည်ဖြစ်ပါသည်။ နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ခြင်းဆိုင်ရာ စီစဉ်ထားရှိမှုများနှင့် ပတ်သက်၍ လုပ်ငန်းစု၏ ရပ်တည်ချက် သဘောထားကို ဝန်ထမ်းများအား သိရှိစေလိုပါသည်။ နေအိမ်မှနေ၍ ရုံးအလုပ်လုပ်ရန်အတွက် ရှိရမည့် စံနှုန်းများအပြင် ဝန်ထမ်းများ၊ မန်နေဂျာများအပေါ် ထားရှိသည့် မျှော်မှန်းချက်များကိုလည်း အသေးစိတ်ရှင်းလင်းဖော်ပြထားပါသည်။

၃။ နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်နိုင်သည့်သူများ

၃.၁ နေအိမ်မှာနေ၍ ရုံးအလုပ် လုပ်ခြင်းသည် ဝန်ထမ်းနှင့် မန်နေဂျာအကြား သဘောတူညီမှုတစ်ရပ်ဖြစ်ပါသည်။
၃.၂ နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ရန် ဆန္ဒရှိသော ဝန်ထမ်းများသည် နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်လိုကြောင်းကို အကြောင်းပြချက်နှင့်တကွ ရေးသားတင်ပြရပါမည်။
၃.၃ နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ရန်ကို မန်နေဂျာများမှသာ HR ဌာနထံ တင်ပြလျှောက်ထားရပါမည်။ နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ရန် HR မှ ခွင့်ပြုပြီးနောက်တွင် ခွင့်ပြုမိန့်စာကို ဝန်ထမ်းထံပေးပို့ပြီး အဆိုပါဝန်ထမ်း၏ အချက်အလက်ဖိုင်တွဲတွင်လည်း ခွင့်ပြုမိန့်စာကို မှတ်တမ်းတင် သိမ်းဆည်းထားမည်ဖြစ်ပါသည်။
၃.၄ နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်သည့် ဝန်ထမ်းများ၏ ထိရောက်မှုရှိစွာ လုပ်ကိုင်နိုင်ခြင်းနှင့် စွမ်းဆောင်ရည်သည် အလုပ်ခွင်တွင် လုပ်နေသည့်အချိန်အတိုင်း ဖြစ်နေရန်လိုအပ်ပါသည်။

  • COVID-19 ဖြစ်ပွားနေစဉ်အချိန်အတွင်း အမှတ်စဉ် ၃.၁ ၊ ၃.၂ နှင့် ၃.၃ ရှိ အချက်များကို လိုက်နာကျင့်သုံးရန် မလိုပါ။
    အဆင့် ၂ – အနီရောင်အဆင့် အခြေအနေတွင် အလုပ်ခွင်တွင် မရှိမဖြစ် လုပ်ကိုင်ရန်လိုအပ်သည့် ဝန်ထမ်းများသာ အလုပ်ခွင်သို့ လာရောက်ရပါမည်။ လုပ်ငန်းဌာန၏ လိုအပ်ချက်အပေါ် မူတည်၍ အလုပ်ခွင်သို့ မဖြစ်မနေ လာရောက်ရမည့်သူများကို လုပ်ငန်းဌာန အကြီးအကဲမှ ဆုံးဖြတ်အတည်ပြုပါမည်။
    အဆင့် ၂ – အနီရောင်အဆင့်တွင် မဖြစ်မနေ အလုပ်ခွင်သို့ လာရောက်ရန် မလိုအပ်သည့် ဝန်ထမ်းများသည် ရုံးတက် အလုပ်ဆင်းရန် မလိုအပ်သော်လည်း နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ရမည်ဖြစ်ပါသည်။
    ၃.၁ နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ရမည့် ဝန်ထမ်းများကို အဆင့် (၃) ဆင့်ခွဲခြားသတ်မှတ်ထားပါသည်-
    ၁။ နေအိမ်မှာနေ၍ ရုံးအလုပ်ကို အပြည့်အဝလုပ်ခြင်း – နေအိမ်မှာနေ၍ လုပ်ငန်းတာဝန် အများစုကို လုပ်ဆောင်နိုင်သည့် ဝန်ထမ်းများဖြစ်ပါသည်။
    ၂။ နေအိမ်မှာနေ၍ ရုံးအလုပ်ကို တစိတ်တဒေသ လုပ်ဆောင်ခြင်း – နေအိမ်မှနေ၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်သော်လည်း၊ အဓိက လုပ်ငန်းတာဝန်များကို ခေတ္တရပ်ဆိုင်းထားရသည့် ဝန်ထမ်းများဖြစ်ပြီး ၎င်းင်းတို့ကို အခြားလိုအပ်သည့် နေရာတွင် ယာယီရွှေ့ပြောင်း ခန့်အပ်ခြင်း နှင့် / သို့မဟုတ် စီမံကိန်းတစ်ခုခုတွင် နေရာချ လုပ်ကိုင်စေနိုင်ပါသည်။
    ၃။ နေအိမ်မှာနေ၍ ရုံးအလုပ် မထမ်းဆောင်နိုင်သူများ – နေအိမ်မှာနေ၍ လုပ်ငန်းတာဝန်များကို လုပ်ကိုင်နိုင်ခြင်း မရှိသူများဖြစ်ပြီး ၎င်းင်းတို့ကို အခြားလိုအပ်သည့် နေရာသို့ရွှေ့ပြောင်း တာဝန်ချထားနိုင်ပါသည်။

၄။ မူဝါဒ လမ်းညွှန်ချက်

မိမိနေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ခြင်းသည် လုပ်ငန်းစုနှင့် ဝန်ထမ်းများအကြား ယာယီသဘောတူညီမှုတစ်ရပ်ဖြစ်ပြီး သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများသည် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်တွင် ဆက်လက် အကျုံးဝင်နေမည်ဖြစ်ပါသည်။

၅။ အလုပ်ခန့်အပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ

၅.၁ အလုပ်ခန့်အပ်စဉ်အချိန်တွင် လုပ်ငန်းစုနှင့် ဝန်ထမ်းအကြား သဘောတူညီထားသည့် လုပ်ငန်းတာဝန်သတ်မှတ်ချက် အခြေအနေများသည် ဝန်ထမ်း၏ ပုံမှန်အလုပ်ခွင်အတွက်သာမက နေအိမ်မှာနေ၍ ရုံအလုပ်လုပ်သည့် အချိန်အတွက်လည်း အကျုံးဝင်ပါသည်။ အထူးသဖြင့် အောက်ဖော်ပြပါ အချက်များသည် နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ခြင်းကြောင့် ပြောင်းလဲသွားမည်မဟုတ်ပါ။
၅.၁.၁ အလုပ်လုပ်ချိန်/ အချိန်ပိုလုပ်ခြင်း
(က) ဝန်ထမ်းသည် တစ်လအတွင်း သတ်မှတ်ထားသည့်အလုပ်ချိန် အပြည့်လုပ်ရန်လိုအပ်ပါသည်။ အလုပ်လုပ်ချိန်သည် ပုံမှန် အလုပ်ချိန်အတွင်းသာ ဖြစ်ရပါမည်။
(ခ) သက်ဆိုင်ရာ မန်နေဂျာမှ ကြိုတင်အကြောင်းကြားခြင်းရှိမှသာ အချိန်ပို အလုပ်ဆင်းမှုအတွက် အသိအမှတ်ပြုပါမည်။ မန်နေဂျာမှ ကြိုတင်အကြောင်းကြားထားခြင်းမရှိပါက အချိန်ပို အလုပ်ဆင်းခြင်းများကို အသိအမှတ်မပြုပါ။
၅.၁.၂ အချင်းချင်း ဆက်သွယ်ခြင်းနှင့် အလုပ်လုပ်ရန် အသင့်ရှိနေခြင်း
(က) သတ်မှတ်ထားသည့် အလုပ်ချိန်အတွင်း အလုပ်ရှင်မှ ဆက်သွယ်လာမှုများနှင့် လုပ်ငန်းတာဝန်ထမ်းဆောင်ရန်အတွက် အသင့်ဖြစ်နေရန် ဝန်ထမ်းအနေဖြင့် သဘောတူလက်ခံပါသည်။

၆။ လုပ်ကိုင်ရည်

နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ရန် သဘောတူညီချက်
(က) နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်သည့် ဝန်ထမ်း၏ စွမ်းဆောင်နိုင်စွမ်း၊ လုပ်ကိုင်ရည်ကို စောင့်ကြည့်အကဲခတ်နိုင်ရန် လုပ်ငန်းတာဝန်နှင့် သင့်လျော်သည့် လုပ်ထုံးလုပ်နည်းပုံစံကို မန်နေဂျာနှင့် ဝန်ထမ်းအကြား ညှိုနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၇။ ခွင့်ယူခြင်း

(က) ခွင့်အမျိုးအစားအားလုံးကို လုပ်ငန်းစုမှ ချမှတ်ထားသည့် ခွင့်ရက်လျှောက်ထားပုံ လုပ်ထုံးလုပ်နည်းနှင့် ဝန်ထမ်းတစ်ဦးချင်းစီအတွက် ခံစားခွင့်ရှိသည့် ခွင့်ရက်များအပေါ်မူတည်၍ စီမံခန့်ခွဲရပါမည်။
(ခ) ဖျားနာခွင့်၊ နှစ်စဉ်ခွင့်နှင့် ရှောင်တခင်ခွင့်တို့ကို လျှောက်ထားလိုပါက ဝန်ထမ်းအနေဖြင့် Yoma Connect App မှတစ်ဆင့် လျှောက်ထားရန် လိုအပ်ပါသည်။

၈။ လုပ်ငန်းထောက်ကူ ပစ္စည်းကရိယာများနှင့် အင်တာနက်

၈.၁ အင်တာနက်
အကယ်၍ နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ရန် နေအိမ်တွင် အင်တာနက်မရှိသော ဝန်ထမ်းများသည် အလုပ်အတွက် ဒေတာဝယ်ယူသုံးစွဲရပါက ကုန်ကျစရိတ်ကို ကုမ္ပဏီမှ ပြန်ပေးသွားပါမည်။ ဝန်ထမ်းများသည် တစ်လလျင် ဒေတာ ဝယ်ယူသုံးစွဲမှုအတွက် ကုန်ကျစရိတ်ကို အများဆုံး ကျပ်ငွေ ၁၅,၀၀၀ အထိ ပြန်လည် တောင်းခံနိုင်သည်။ အကယ်၍ဒေတာပိုလိုအပ်ပါက မိမိ မန်နေဂျာထံမှ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပါသည်။
ဝန်ထမ်းများသည် မိမိတို့နှင့် သင့်လျော်သည့်ဒေတာအစီအစဉ်ကိုသာ ဝယ်ယူသုံးစွဲသင့်သည်။ မိမိလိုအပ်ချက်ပေါ်မှုတည်၍ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်သည့်သူကို ဆက်သွယ် စုံစမ်းမေးမြန်းသင့်ပါသည်။ အခြား မေးမြန်းလိုသည်များနှင့် အကူအညီ ရယူလိုပါက helpdesk@yoma.com.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၈.၂ ကုန်ကျငွေအတွက် ပြန်လည်တောင်းခံခြင်း
ဝန်ထမ်းများသည် ငွေတောင်းခံလွှာဖောင်ကို ဖြည့်စွက်ပြီး ဘဏ္ဍာရေးဌာနထံမှ ပြန်လည်တောင်းခံရပါမည်။ IT ဌာနမှလည်း နေအိမ်မှနေ၍ အလုပ်လုပ်နေသူများအတွက် အလွယ်တကူ ပြန်လည်တောင်းခံနိုင်ရန် ဒီဂျစ်တယ် ငွေတောင်းခံလွှာဖောင်ကို ပြုလုပ်လျက်ရှိရာ ဧပြီလကုန်တွင် စတင်အသုံးပြုနိုင်မည်ဟု မျှော်မှန်းထားပါသည်။ အဆိုပါဖောင်ကို အသုံးပြု၍ မန်နေဂျာထံမှ အတည်ပြုချက်ကို ရယူနိုင်ပါသည်။ ဖောင်ကို စတင်အသုံးပြုနိုင်မည့်အချိန်တွင် Yoma Connect ဝဘ်ဆိုဒ်တွင် ထုတ်ပြန်ကြေညာသွားပါမည်။

၈.၃ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲ
နေအိမ်မှာနေ၍ ရုံးအလုပ်များကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ရန် လိုအပ်သည့် စာရေးကိရိယာနှင့် အခြားလိုအပ်သည့် အသုံးအဆောင်ပစ္စည်းများဖြစ်သည့် Printers ၊ ကွန်ပြူတာ ၊ VPN နှင့် ဆော့ဖ်ဝဲတို့ကို လုပ်ငန်းဌာနမှ ပံ့ပိုးပေးသွားပါမည်။ အဆိုပါ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲများအား လိုအပ်သည့် ဝန်ထမ်းများမှာ မည်သူမည်ဝါဖြစ်သည်ကို မန်နေဂျာနှင့် လုပ်ငန်းဌာနဆိုင်ရာ အကြီးအကဲများမှ ဆုံးဖြတ်အတည်ပြုပါမည်။

၉။ သတင်းအချက်အလက်များကို လျှို့ ဝှက်ထားရှိခြင်း

၉ .၁ နေအိမ်မှာနေ၍ ရုံးအလုပ် လုပ်သည့်အခါ အရေးကြီးသည့် သတင်းအချက်အလက်များကို နေအိမ်တွင် သိမ်းဆည်းခြင်းများ၊ hard drive တွင် သိမ်းဆည်းခြင်းများ (သို့) လူအများ အလွယ်တကူမြင်နိုင်သည့် နေရာများတွင် သိမ်းဆည်းခြင်များ မပြုရပါ။
၉ .၂ အရေးကြီး လျှို့ဝှက်ထားရှိရမည့် ကိစ္စရပ်များကို တယ်လီဖုန်းနှင့် ပြောဆိုသည့်အခါ အိမ်သားများ (သို့) ဧည့်သည်များ မကြားမိအောင် အထူးဂရုပြုရန်လိုအပ်ပါသည်။

၁၀။ စီမံခန့်ခွဲမှု၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ

၁၀.၁ မန်နေဂျာများသည် နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်သော ၎င်းင်းတို့ဝန်ထမ်းများ၏ လုပ်ဆောင်ချက်များကို စောင့်ကြပ်စီစစ်ရန် တာဝန်ရှိပါသည်။
၁၀.၂ မန်နေဂျာများသည် ဝန်ထမ်းများ အလုပ်ကို ထိရောက်စွာ လုပ်ကိုင်နိုင်ရန် လုံလောက်သော အရင်းအမြစ်များဖြင့် ပံ့ပိုးပေးရပါမည်။
၁၀.၃ မန်နေဂျာများသည် မိမိဝန်ထမ်းများအတွက် ရှင်းလင်းပြတ်သားသော KPI နှင့် ရည်မှန်းချက်တို့ကို ချမှတ်ပေးပြီး ၎င်းင်းတို့၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်အကဲခတ်ရပါမည်။
၁၀.၄ မန်နေဂျာများသည် ဝန်ထမ်းများနှင့် ထိရောက်ကောင်းမွန်သော ဆက်သွယ်ရေးနှင့် ကျင့်ဝတ်စည်းကမ်းလိုက်နာမှုအပေါ် အလေးထားဆောင်ရွက်ရပါမည်။
၁၀.၅ မန်နေဂျာများသည် လုပ်ငန်းဆောင်ရွက်ချက် တိုးတက်မှုအခြေအနေနှင့် ဝန်ထမ်းများ၏ ကျန်းမာရေး၊ လူမှုရေးအခြေအနေတို့ကို မျက်ခြေမပြတ်သိရှိနိုင်ရန် အဖွဲ့လိုက် ဗီဒီယိုကွန်ဖရင့် လုပ်ခြင်းတို့ကို ပုံမှန်ပြုလုပ်ရပါမည်။
၁၀.၆ မန်နေဂျာများသည် မိမိဝန်ထမ်းများ လုပ်ငန်းတာဝန် ထမ်းဆောင်မှု၊ ကျန်းမာရေး အစရှိသည့် အခြေအနေများကိုသိရှိရန် နေ့စဉ်ဆက်သွယ်မေးမြန်းရပါမည်။
မန်နေဂျာများအပေါ်ထားရှိသည့် မျှော်မှန်းချက်နှင့် လုပ်ကိုင်နိုင်ပုံအသေးစိတ်ကို သိရှိရန် WFH The Yoma Way မှ မန်နေဂျာများအတွက် ထုတ်ပြန်ထားသည့်လမ်းညွှန်ချက်များကို ပြန်လည်ဖတ်ရှုလေ့လာနိုင်ပါသည်။
//52.220.87.101/knowledge-base/wfh-the-yoma-way-managers-guideline-unicode-mm-font/

၁၁။ ဝန်ထမ်းများ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ

၁၁.၁ ဝန်ထမ်းများသည် ရုံးချိန်အတွင်း ရုံးအလုပ်လုပ်ရန် အသင့်ရှိနေရပါမည်။
၁၁.၂ ဝန်ထမ်းများသည် ဗီဒီယိုကွန်ဖရင့်နှင့် တယ်လီဖုန်း ခေါ်ဆိုမှုများအတွက် အသင့်ရှိနေရမည်ဖြစ်ပြီး အီးမေးလ်များကို အချိန်နှင့်တပြေးညီ ပြန်လည်ဖြေကြားရပါမည်။
၁၁.၃ ဝန်ထမ်းများသည် မိသားစုအရေးကိစ္စကြောင့် ရုံးအလုပ်မလုပ်နိုင်ပါက Yoma Connect မှ တစ်ဆင့် ရှောင်တခင်ခွင့် သို့မဟုတ် နှစ်ပတ်လည်ခွင့် လျှောက်ထားရပါမည်။
၁၁.၄ ဝန်ထမ်းများသည် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရုံးလုပ်ငန်းသုံး စက်ပစ္စည်းအသုံးအဆောင်များကို ကြိုတင်၍ လျှပ်စစ် ဓါတ်အားအပြည့်သွင်းထားရပါမည်။
၁၁.၅ ဝန်ထမ်းများသည် မိမိနေအိမ်တွင် လုံလောက်ကောင်းမွန်သော အင်တာနက်ချိတ်ဆက်မှု ရရှိနိုင်ရန် သေချာစွာ ပြင်ဆင်ဆောင်ရွက်ထားရပါမည်။
ဝန်ထမ်းများအပေါ်ထားရှိသည့် မျှော်မှန်းချက်နှင့် လုပ်ကိုင်နိုင်ပုံအသေးစိတ်ကို သိရှိရန် WFH The Yoma Way မှ ဝန်ထမ်းများအတွက် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို ပြန်လည်ဖတ်ရှုလေ့လာနိုင်ပါသည်။
//52.220.87.101/knowledge-base/wfh-the-yoma-way-employee-guidelines-unicode-mm-font/