CCC မူဝါဒများ

  • နေအိမ်တွင်သာနေပြီး အလုပ်သို့ လုံးဝမလာပါနဲ့။
  • askHR@yoma.com.mm နှင့် မိမိ၏ မန်နေဂျာထံ ချက်ချင်းအကြောင်းကြားပါ။
  • AskHR မှ အခြေအနေပေါ်မူတည်၍ ထိတွေ့မှုများကို စစ်ဆေးသွားမှာဖြစ်သည့်အတွက် ပူးပေါင်းလုပ်ဆောင်ပေးကြရန်။
  • စုံစမ်းစစ်ဆေးမှုအပေါ်မူတည်၍ CCC မှ လုပ်ဆောင်ရန်လိုအပ်သည့်အရာများကို ညွှန်ကြားပေးသွားပါမည်။

  • နေအိမ်တွင်သာနေပြီး အလုပ်သို့ လုံးဝမလာပါနဲ့။
  • မိမိတွင် မိသားစု ဆရာဝန်ရှိနေသော်လည်း ပန်းလှိုင်ဆေးရုံ၏ TeleHealth ဖြစ်သည့် ၀၉ ၈၈ ၇၇ ၀၀ ၉၂၆ ထံ (နံနက် ၈ နာရီမှ ညနေ ၈ နာရီအတွင်း) ဆက်သွယ်တိုင်ပင်ပါ။
  • ပန်းလှိုင်ဆေးရုံရှိ TeleHealth ၏ ကျန်းမာရေး ခွင့်ပြုချက်ရမှသာ အလုပ်ပြန်တက်ရန်။

  • မိမိ၏ ဝန်ထမ်းကို နေအိမ်၌သာနေစေပြီး TeleHealth ထံဆက်သွယ်ရန် အကြံပြုပါ။
  • မိမိ၏ ဝန်ထမ်းကို မကြာခဏဆက်သွယ်ပြီး အခြေအနေမေးမြန်းပါ။ ကိုယ်ပူပါက နေ့စဉ် မနက်နှင့် နေ့ခင်းချိန်တွင် ကိုယ်ပူချိန်ကို မှတ်တမ်းထားခိုင်းပါ။
  • မိမိ၏ ဝန်ထမ်းအား TeleHealth မှ ပေးအပ်သည့် ကျန်းမာရေးထောက်ခံစာ မရရှိသေးဘဲ အလုပ်ခွင်သို့ လာရောက်ခြင်း မပြုပါနဲ့။
  • ကျန်းမာရေးထောက်ခံချက်ကို ဖုန်းမှတစ်ဆင့်လည်း ပြုလုပ်နိုင်ပါသည်။

အကယ်၍ သင်သည် Covid-19 လက္ခဏာများကို ခံစားရသဖြင့် အလုပ်မှ နားထားပါက အလုပ်ပြန်တက်ရန် ကျန်းမာရေးထောက်ခံချက်ကို လိုအပ်ပါသည်။ အဆိုပါ ထောက်ခံချက်သည် ပန်းလှိုင်စီလုံဆေးရုံရှိ TeleHealth မှသာ ဖြစ်ရပါမည်။ ထောက်ခံချက် မရရှိိသေးဘဲ အလုပ်ခွင်သို့ပြန်လာခြင်းကို မန်နေဂျာမှာ လုံးဝခွင့်မပြုရပါ။

ရိုးမအုပ်စုတွင် အလုပ်လုပ်သည့် ဝန်ထမ်းများအတွက် ပန်းလှိုင်ဆေးရုံရှိ မြန်မာနိုင်ငံ၏ အကောင်းဆုံးဆရာဝန်များနှင့် အခမဲ့ တိုင်ပင်ဆွေးနွေးခွင့်များ ရရှိမှာ ဖြစ်ပါသည်။ TeleHealth ကိုအသုံးပြု၍ ဖုန်း (သို့) Viber မှတစ်ဆင့် ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်မှာဖြစ်ပါသည်။

TeleHealth ၏ ဖုန်းနံပါတ်မှာ - ၀၉ ၈၈၇၇၀ ၀၉၂၆

အဆင့် ၁ - TeleHealth နံပါတ်ဖြစ်သည့် ၀၉ ၈၈၇၇၀ ၀၉၂၆ သို့ ဖုန်းခေါ်ဆိုပါ။
အဆင့် ၂ - ရိုးမဝန်ထမ်းဖြစ်ကြောင်း ဝန်ထမ်းကဒ် (Yoma Connect ရှိ ပရိုဖိုင်စာမျက်နှာ) ကို ဆေးရုံးအား ပြသပါ။
အဆင့် ၃ - မိမိရက်ချိန်းရသည့် အချိန်တွင် ဆရာဝန်မှ ဖုန်း (သို့) Viber မှ ခေါ်ဆိုပါမည်။
အဆင့် ၄ - ဆေးသောက်ရန်လိုအပ်ပါက ဆေးရုံမှ နေအိမ်သို့ သောက်ဆေး ပို့ဆောင်ပေးပါမည်။
*ကုန်ကျစရိတ်ကို Yoma Health Plan မှ ကုန်ကျပေးသွားမှာဖြစ်ပါသည်။

အကယ်၍ သင်သည် ဓာတ်ခွဲစမ်းသပ်ခံရပါက မိမိ၏ မန်နေဂျာကို ချက်ချင်းအသိပေးပြီး Martin Appel (၀၉ ၇၇၇ ၄၃၆ ၉၉၇) သို့ Valentina Lwin Bailey (၀၉ ၇၇၇ ၂၂၅ ၃၃၃) နှင့် askHR@yoma.com.mm ထံ အမြန်ဆုံး အကြောင်းကြားရပါမည်။

ရောဂါပိုးရှိသူသည် ဝန်ထမ်း (သို့) ကာစတန်မာဖြစ်နိုင်ပါသည်။ မည်သည့် လုပ်ငန်းဌာနခွဲတွင်မဆို Covid-19 ရောဂါပိုးရှိသူ ပေါ်လာပါက အောက်ပါလုပ်ငန်းစဉ်များကို လုပ်ဆောင်သွားပါမည်။

၁။ Martin Appel (၀၉ ၇၇၇ ၄၃၆ ၉၉၇) သို့ Valentina Lwin Bailey (၀၉ ၇၇၇ ၂၂၅ ၃၃၃) နှင့် askHR@yoma.com.mm ထံ အကြောင်းကြားရပါမည်။

၂။ ထိတွေ့မှုစုံစမ်းစစ်ဆေးသည့်အဖွဲ့မှ အဆင့် ၂ ထိတွေ့ထားသူများကို ရွေးချယ် အကြောင်းကြားသွားပါမည်။

၃။ အဆင့် ၂ ထိတွေ့သူများသည် တစ်ဦးတည်း သီးသန့်နေ၍ ရောဂါလက္ခဏာကို ၂၁ ရက်တိတိ စောင့်ကြည့်ရပါမည်။

၄။ အဆင့် ၃ ထိတွေ့သူများသည် တစ်ဦးတည်း သီးသန့်နေ၍ ရောဂါလက္ခဏာကို ၇ ရက်တိတိ စောင့်ကြည့်ရပါမည်။

၅။ လုပ်ငန်းခွင်အား ချက်ချင်းချိတ်ပိတ်ပြီး ပိုးသတ်သန့်ရှင်းရေးများကို ပြုလုပ်ပါမည်။

၆။ အစိုးရရှိ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ လမ်းညွှန်ချက်အတိုင်း လိုက်နာ၍ ရုံးပိတ်ထားမှု အချိန်ကာလကို ဆုံးဖြတ်သွားပါမည်။

တစ်ဦးတည်း သီးသန့်နေရချိန်ကို နေအိမ်မှနေ၍ အလုပ်လုပ်ခြင်း (သို့) လစာပေးခွင့်အဖြစ် သတ်မှတ်သွားပါမည်။

ထိတွေ့မှုစုံစမ်းစစ်ဆေးခြင်းဖြင့် ရောဂါပိုးရှိသူနှင့် ထိတွေ့မှုကို အဆင့်လိုက် သတ်မှတ်ပေးနိုင်ပါသည်။
CCC မှ ထိတွေ့မှု စုံစမ်းစစ်ဆေးခြင်းအတွက် လေ့ကျင့်သင်ကြားပေးထားသူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့ကို ထားရှိထားပါသည်။ ထိုအဖွဲ့မှ ရောဂါရှိသူနှင့် တိုက်ရိုက်ထိတွေ့မှုများနှင့် ထိတွေ့ထားသည့် ဝန်ထမ်းများကို ရှာဖွေဖော်ထုတ်သွားမှာဖြစ်ပါသည်။
အဆင့် ၄ ဆင့် သတ်မှတ်ထားပါသည်။

နမူနာ -
အဆင့် ၁ - အစိုးရမှ သတ်မှတ်ထားသည့်အတိုင်း မဖြစ်မနေ သီးသန့်နေထိုင်ခြင်း
အဆင့် ၂ - နေအိမ်တွင် သီးသန့်နေထိုင်၍ ရောဂါလက္ခဏာကို ၂၁ ရက်တိတိ စောင့်ကြည့်ရန်။
အဆင့် ၃ - နေအိမ်တွင် သီးသန့်နေထိုင်၍ ရောဂါလက္ခဏာကို ၇ ရက်တိတိစောင့်ကြည့်ရန်။
အဆင့် ၄ - ထိတွေ့မှု စစ်ဆေးရေးအဖွဲ့မှ သီသန့်နေထိုင်ရန် လိုအပ်မှုရှိ၊ မရှိကို အကြံပြုပေးရန်။

တစ်ဦးတည်း သီးသန့်နေထိုင်ခြင်းသည် လူ့အဖွဲ့အစည်းတွင်း ကူးစက်မှုဖြစ်ခြင်းကို ကာကွယ်ပေးနိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

တစ်ဦးတည်း သီးသန့်နေထိုင်ခြင်းသည် မိမိနေအိမ်တွင် သတ်မှတ်ထားသည့် အချိန်ကာလတစ်ခုအကြာ အပြင်သို့လုံးဝ မထွက်ဘဲ နေထိုင်ခြင်းဖြစ်ပါသည်။

သီးသန့်နေထိုင်ရာတွင် အောက်ပါအချက်များကို လိုက်နာရန်လိုအပ်ပါသည်။

၁။ မိမိနေအိမ်သားများလည်း မိမိနှင့်အတူ နေအိမ်တွင်သာ သီးသန့်နေထိုင်ရန်။
၂။ ရောဂါကူးစက်လွယ်သူများ (မိဘနှင့် အဖိုးအဖွား) များကို သီးသန့်အခန်းတွင် နေထိုင်စေရန်။
၃။ လက်ကို မကြာခဏဆေးကြော၍ ရေမလိုလက်သန့်ဆေးရည်ကို အလွယ်တကူ ယူသုံးနိုင်သည့် နေရာများတွင် ထားရှိရန် (ထမင်းစားခန်း၊ ဧည့်ခန်း၊ တီဗီကြည့်ခန်း)
၄။ နေအိမ်အတွင်း အများသုံးနေရာများတွင် နှာခေါင်းစည်းတပ်ဆင်ထားရန်။
၅။ နေအိမ်၏ အများသုံးနေရာများတွင် အချင်းချင်း ၆ ပေခွာ၍ နေထိုင်ရန်။
၆။ နေ့စဉ် မနက်တိုင်းနှင့် ညနေတိုင်းတွင် ကိုယ်ပူချိန်တိုင်း၍ မှတ်တမ်းထားရန်။
၇။ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းလျှောခြင်း၊ အသက်ရှုရကျပ်ခြင်း အစရှိသည့် ရောဂါလက္ခဏာများကို စောင့်ကြည့်ရန်။
၈။ ရေများများသောက်၍ အဟာရပြည့်ဝစွာ စားသုံးရန်။
၉။ မိသားစုဝင်များနှင့် အစားအစာများကို မျှဝေပေးခြင်း၊ ဇွန်းခွက်ယောက်တို့အား အတူအသုံးပြုခြင်းတို့ကို မပြုလုပ်ရန်။
၁၀။ ဆေးကုသမှု ခံယူရန်လိုအပ်သည့် ရောဂါလက္ခဏာများကို မိသားစုဝင်တစ်ဦးဦးမှ ခံစားရပါက ဆေးရုံသို့သွားရန်။
၁၁။ မိမိအိမ်တွင် ဧည့်သည်လက်မခံရန်။
၁၂။ အစားအသောက်များကို သူငယ်ချင်း ၊ မိသားစုဝင်များမှ မိမိအိမ်သို့ လာရောက်ပို့ဆောင်စေရန်နှင့် အိမ်ထဲသို့ လုံးဝပေးမဝင်ရန်။
၁၃။ မိမိအား အစားအသောက်နှင့် လိုအပ်သည့်ပစ္စည်းများ လာရောက်ပို့ဆောင်ပေးနိုင်မည့်သူမရှိပါက askHR@yoma.com.mm ထံအကြောင်းကြားရန်။
၁၄။ တကိုယ်တည်း သီးသန့်နေထိုင်မှုမစတင်မီ မိမိထိတွေ့ခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၏ မျက်နှာပြင်ကို သန့်ရှင်းရေးလုပ်ရန်။ (ကားစီရာတိုင်၊ ကားခါးပတ်၊ တံခါးလက်ကိုင် အစရှိသည်များ)

သီးခြား ကျန်းမာရေးအာမခံ အစီအစဉ်အောက်တွင်ရှိသည့် ဝန်ထမ်းများမှအပ ကျန်ရှိသော ဝန်ထမ်းအားလုံးအတွက် Covid-19 ဆေးကုသမှုဆိုင်ရာအတွက် ထပ်ဆောင်းအကျိုးခံစားခွင့်များကို လုပ်ငန်းစုမှ စီစဉ်ထားရှိပါသည်။

Covid အတွက် အထူးခံစားခွင့်

Covid-19 ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ဝန်ထမ်းများအနေဖြင့် အောက်ပါ ထပ်ဆောင်းအကျိုးခံစားခွင့်များကို ရရှိမှာဖြစ်ပါသည်။

(၁) Covid-19 နှင့် ပတ်သက်၍ ပြင်ပလူနာအဖြစ် ဆေးကုသမှုကုန်ကျစရိတ်အတွက် အများဆုံး ကျပ်ငွေ ၄၀၀,၀၀၀ အထိကို ၁၀၀% အပြည့်ပြန်လည် တောင်းခံနိုင်ပါသည်။
(၂) အတွင်းလူနာအဖြစ် ဆေးကုသမှု ကုန်ကျစရိတ်အတွက် အောက်ပါအတိုင်း ပြန်လည်တောင်းခံနိုင်ပါသည်။

  • ကျပ်ငွေ ၂,၀၀၀,၀၀၀ အထိကို ၁၀၀% အပြည့်
  • နောက်ထပ် ကုန်ကျစရိတ် ကျပ်ငွေ ၄,၀၀၀,၀၀၀ ကို ၅၀%

ဥပမာ - ဝန်ထမ်းသည် Covid-19 ကြောင့် အတွင်းလူနာအဖြစ် ကျပ်ငွေ ၆,၀၀၀,၀၀၀ ကုန်ကျပါက ပထမ ကုန်ကျငွေ ကျပ်ငွေ ၂,၀၀၀,၀၀၀ အတွက် အပြည့်ပြန်လည်တောင်းခံနိုင်ပြီး နောက်ထပ်ကုန်ကျငွေ ကျပ်ငွေ ၄,၀၀၀,၀၀၀ အတွက်၅၀% ပြန်လည်တောင်းခံနိုင်ပါသဖြင့် စုစုပေါင်း ကျပ်ငွေ ၄,၀၀၀,၀၀၀ ရရှိမှာဖြစ်ပါသည်။

ပြည်ပခရီး

ပြည်ပခရီးစဉ်အားလုံးအတွက် CEO/ CHRO ထံမှ ခွင့်ပြုချက် ကြိုတင်ရယူရပါမည်။

ကိုယ်ရေးကိုယ်တာကြောင့်ပင်ဖြစ်စေ၊ အလုပ်ကြောင့်ပင်ဖြစ်စေ ခရီးထွက်ရမည်ဆိုပါက declare-travel@yoma.com.mm ထံ အကြောင်းကြား၍ ခရီးသွားလျှောက်လွှာ ကို ဖြည့်စွက်ရပါမည်။

ပြည်ပခရီးမူဝါဒအကြောင်း အသေးစိတ်သိရှိလိုပါက ပြည်ပခရီးသွားမူဝါဒ ထံဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ပြည်တွင်းခရီးသွားခြင်း

ကိုယ်ရေးကိုယ်တာကြောင့်ပင်ဖြစ်စေ၊ အလုပ်ကြောင့်ပင်ဖြစ်စေ မြန်မာနိုင်ငံအတွင်း ခရီးထွက်ရမည်ဆိုပါက declare-travel@yoma.com.mm ထံ အကြောင်းကြား၍ ခရီးသွားလျှောက်လွှာကို ဖြည့်စွက်ရပါမည်။

အစိုးရဆက်ဆံရေးရာဌာနမှလည်း ကူညီမှုများပေးနိုင်ပါသည်။

askHR@yoma.com.mm ထံဆက်သွယ်ပါက အစိုးရဆက်ဆံရေးရာဌာနနှင့် ချိတ်ဆက်၍ ဝန်ထမ်းနှင့် မိသားစုဝင်များ ဗီဇာသက်တမ်းတိုးပေးမှုအတွက် စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါသည်။

အရေးပေါ်အနီရောင်အဆင့်သတ်မှတ်ထားသည့်အချိန်တွင် ရုံးတက်ရောက်ရန်အဆင်မပြေသည့် ၀န်ထမ်း များအချို့ကို Management Team မှ ကိုယ်ပိုင်ခွင့်ခံစားများမှ ရှောင်တခင်ခွင့်နှင့် နှစ်ပတ်လည်ခွင့်အသုံးပြုရန် လိုအပ်ကြောင်း အကြောင်းကြားပါလိမ့််မည်။ ခွင့်တင်လိုပါက Yoma Connect Application မှတစ်ဆင့် ၀င်ရောက်ခွင့်တင်ရမည်ဖြစ်ပါသည်။

ခွင့်သည် လုပ်ငန်းတာ၀န်နှင့်ကိုယ်ပိုင်ဘ၀ဟန်ချက်ညီညီ အလုပ်လုပ်နိုင်ရန်အတွက် ၀န်ထမ်းတစ်ဦးချင်းစီ တိုင်း၏ခံစားခွင့်ဖြစ်ပါသည်။ ထို့အတွက် သင့်အနေဖြင့် ခွင့်တင်ရန်လိုအပ်ပါက Yoma Connect Application မှတစ်ဆင့် ၀င်ရောက်ခွင့်တင်နိုင်ပါသည်။

မိမိသည် ပိုးတွေ့လူနာနှင့်တိုက်ရိုက်ထိတွေ့မိခြင်း၊ မိမိနှင့်ဆက်စပ်သည့်သူတစ်ဦးမှ တိုက်ရိုက်ထိတွေ့မှုရှိခြင်း အစရှိသည့်အကြောင်းအရာများမှလွဲပြီး Self – Isolation လုပ်ရန်မလိုအပ်ပါ။

သို့သော် သင်မည်သို့လုပ်ဆောင်သည်ကိုသေချာမသိပါက askHR@yoma.com.mm သို့အချိန်မရွေး အီးမေးလ် ပေးပို့နိုင်ပြီး သက်ဆိုင်ရာ Contact tracing လုပ်ပေးမည့် case officer မှတစ်ဆင့် ဆက်သွယ်ကာ သင်၏ အန္တရာယ်ရှိမှုအဆင့်အားဆုံးဖြတ်ပေးပါလိမ့်မည်။

အလုပ်ကိစ္စအတွက် ပြည်ပခရီးသွားလိုသူများသည် ခရီးစဉ်အချက်အလက်အပြည့်အစုံကို ရိုးမအုပ်စု၏ CEO ဖြစ်သူ Melvyn Pun ၊ Head HR ဖြစ်သူ Martin Appel နှင့် PHSH ၏ CEO ဖြစ်သူ Dr Gershu Paul တို့ထံပေးပို့၍ ခွင့်ပြုချက်တောင်းခံရပါမည်။ ခရီးထွက်ရန် ခွင့်ပြုချက်တောင်းရာတွင် ခရီးထွက်ရမည့် အကြောင်းအရာနှင့် အဘယ်ကြောင့် ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်သည့် အကြောင်းပြချက်တို့ကိုပါ ဖော်ပြရပါမည်။ ကိုယ်သွားရောက်မည့် နေရာဒေသနှင့် မြန်မာနိုင်ငံ (သို့) နိုင်ငံခြားသား ဝန်ထမ်းများအနေဖြင့် မိမိမွေးရပ်နိုင်ငံတွင် လုပ်ဆောင်ရမည့် ဆေးစစ်မှုများနှင့် သီးသန့်ခွဲနေမှု အစီအစဉ် အသေးစိတ်နှင့် ကုန်ကျစရိတ်များကိုပါ ဖော်ပြထားရပါမည်။ ခရီးထွက်ရန် ခွင့်ပြုချက်ရပါက ကုန်ကျစရိတ်များကို Yoma Group မှ ကျခံပေးမည်ဖြစ်ပြီး ခရီးထွက်နေသည့်ကာလအတွက်လည်း ဝန်ထမ်း၏ ကိုယ်ပိုင်ခွင့်ရက်မှ နှုတ်ယူမည်မဟုတ်ပါ။

ပြည်ပတွင် မိသားစုဝင်များရှိနေသည့် ဝန်ထမ်းများအနေဖြင့် COVID 19 ကြောင့် မိသားစုဝင်များကို အချိန်တစ်ခုကြာ မတွေ့နိုင်ခဲ့သည်ကို Yoma Group မှ ကိုယ်ချင်းစာနားလည်ပါသည်။ ပြည်ပခရီးသွားလိုသူများသည် ခရီးစဉ်အချက်အလက်အပြည့်အစုံကို ရိုးမအုပ်စု၏ CEO ဖြစ်သူ Melvyn Pun ၊ Head HR ဖြစ်သူ Martin Appel နှင့် PHSH ၏ CEO ဖြစ်သူ Dr Gershu Paul တို့ထံပေးပို့၍ ခွင့်ပြုချက်တောင်းခံရပါမည်။ ခရီးထွက်ရန် ခွင့်ပြုချက်တောင်းရာတွင် ခရီးထွက်ရမည့် အကြောင်းအရာ၊ ကိုယ်သွားရောက်မည့် နေရာဒေသနှင့် ခရီးမှ ပြန်ရောက်လာလျှင် မြန်မာနိုင်ငံတွင် လုပ်ဆောင်ရမည့် ဆေးစစ်မှုများနှင့် သီးသန့်ခွဲနေမှု အစီအစဉ် အသေးစိတ်နှင့် ကုန်ကျစရိတ်များကိုပါ ဖော်ပြထားရပါမည်။

ခရီးထွက်ရန် ခွင့်ပြုချက်ရပါက ဆေးစစ်မှုများနှင့် မိမိသွားရောက်မည့် နိုင်ငံနှင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာလျှင် လုပ်ဆောင်ရမည့် သီးသန့်ခွဲနေမှုများအတွက် ဝန်ထမ်းမှ မိမိကိုယ်ကို စရိတ်ကျခံရမှာဖြစ်ပါသည်။

အကယ်၍ ဝန်ထမ်းသည် ခရီးထွက်နေချိန်နှင့် သီးသန့်ခွဲနေချိန်အတွင်း အလုပ်ကို ထိရောက်စွာ လုပ်ဆောင်နိုင်စွမ်းမရှိပါက ဝန်ထမ်း၏ လက်ကျန်ခွင့်ရက်အပေါ် မူတည်၍ လစာပေး (သို့) လစာမဲ့ခွင့်အဖြစ် သတ်မှတ်သွားမှာဖြစ်ပါသည်။

မိသားစုနှင့် သွားရောက်တွေ့ရန် ခရီးထွက်သကဲ့သို့ပင် အမှန်တကယ် လိုအပ်သည့် ဆေးကုသမှုဆိုင်ရာ အကြောင်းတစ်ခုခုကြောင့် ပြည်ပခရီးထွက်ရခြင်းကို ကျွန်ုပ်တို့မှ နားလည်ကိုယ်ချင်းစာပါသည်။ ဆေးကုသမှုအတွက် ပြည်ပခရီးသွားလိုသူများသည် ခရီးစဉ်အချက်အလက်အပြည့်အစုံကို ရိုးမအုပ်စု၏ CEO ဖြစ်သူ Melvyn Pun ၊ Head HR ဖြစ်သူ Martin Appel နှင့် PHSH ၏ CEO ဖြစ်သူ Dr Gershu Paul တို့ထံပေးပို့၍ ခွင့်ပြုချက်တောင်းခံရပါမည်။ ခရီးထွက်ရန် ခွင့်ပြုချက်တောင်းရာတွင် ခရီးထွက်ရမည့် အကြောင်းအရာ၊ ကိုယ်သွားရောက်မည့် နေရာဒေသနှင့် ခရီးမှ ပြန်ရောက်လာလျှင် မြန်မာနိုင်ငံတွင် လုပ်ဆောင်ရမည့် ဆေးစစ်မှုများနှင့် သီးသန့်ခွဲနေမှု အစီအစဉ် အသေးစိတ်နှင့် ကုန်ကျစရိတ်များကိုပါ ဖော်ပြထားရပါမည်။

ခရီးထွက်ရန် ခွင့်ပြုချက်ရပါက ဆေးစစ်မှုများနှင့် မိမိသွားရောက်မည့် နိုင်ငံနှင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာလျှင် လုပ်ဆောင်ရမည့် သီးသန့်ခွဲနေမှုများအတွက် Yoma Group မှ ကုန်ကျစရိတ်ခံပေးမည်မဟုတ်ပါ။

အကယ်၍ ဝန်ထမ်းသည် ခရီးထွက်နေချိန်နှင့် သီးသန့်ခွဲနေချိန်အတွင်း အလုပ်ကို ထိရောက်စွာ လုပ်ဆောင်နိုင်စွမ်းမရှိပါက ဝန်ထမ်း၏ လက်ကျန်ခွင့်ရက်အပေါ် မူတည်၍ လစာပေး (သို့) လစာမဲ့ခွင့်အဖြစ် သတ်မှတ်သွားမှာဖြစ်ပါသည်။ အကယ်၍ ဝန်ထမ်းသည် ဆေးကုသမှုဆိုင်ရာ အကြောင်းတစ်ခုခုကြောင့် အလုပ်ပြန်မတက်နိုင်ပါက ဆေးခွင့်အဖြစ် သတ်မှတ်သွားမှာဖြစ်ပါသည်။

ခရီးထွက်ရန် ခွင့်ပြုချက်မရပါက အဆိုပါပြည်ပခရီးစဉ်ကို အခြားအကြောင်းပြချက်ကြောင့် ခရီးထွက်ခြင်းဖြစ်သည်ဟု သတ်မှတ်ပါမည်။

အခြားအကြောင်းအရာကြောင့် ပြည်ပခရီးထွက်ရာတွင် အားလပ်ရက် အပန်းဖြေရန်နှင့် အပျော်ခရီးထွက်ခြင်းတို့ ပါဝင်ပါသည်။ ထိုကဲ့သို့သော ခရီးစဉ်များအတွက်လည်း ခရီစဉ်အချက်အလက် အပြည့်အစုံဖြင့် စာရင်းပေး လျှောက်ထားရန် လိုအပ်ပါသည်။ ခရီးစဉ်အတွက် လိုအပ်မည့် ဆေးစစ်မှုများ၊ သီးသန့်ခွဲခြားနေခြင်းများအတွက် ကုန်ကျစရိတ်များအပြင် အခြားရှိလာနိုင်သည့် ထပ်ဆောင်းကုန်ကျစရိတ်များကိုပါ ဝန်ထမ်းမှ ကျခံရမှာဖြစ်ပါသည်။

ခရီးထွက်ရန် ခွင့်ပြုချက်ရပါက ဆေးစစ်မှုများနှင့် မိမိသွားရောက်မည့် နိုင်ငံနှင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာလျှင် လုပ်ဆောင်ရမည့် သီးသန့်ခွဲနေမှုများအတွက် ဝန်ထမ်းမှ မိမိကိုယ်ကို စရိတ်ကျခံရမှာဖြစ်ပါသည်။

အကယ်၍ ဝန်ထမ်းသည် ခရီးထွက်နေချိန်နှင့် သီးသန့်ခွဲနေချိန်အတွင်း အလုပ်ကို ထိရောက်စွာ လုပ်ဆောင်နိုင်စွမ်းမရှိပါက ဝန်ထမ်း၏ လက်ကျန်ခွင့်ရက်အပေါ် မူတည်၍ လစာပေး (သို့) လစာမဲ့ခွင့်အဖြစ် သတ်မှတ်သွားမှာဖြစ်ပါသည်။

အလုပ်ကိစ္စအတွက် ပြည်ပခရီးသွားခြင်း မိသားစုနှင့်တွေ့ဆုံရန်အတွက် ပြည်ပခရီးသွားခြင်း ဆေးကုသရန်အတွင် ပြည်ပခရီးထွက်ခြင်း အခြားအကြောင်းအရာများကြောင့် ပြည်ပခရီးထွက်ခြင်း
လုပ်ငန်းစဉ် ခရီးစဉ်ခွင့်ပြုချက် လျှောက်ထားရန် (Travel Declaration Form)
သီးသန့်ခွဲနေခြင်းအတွက် ကုန်ကျစရိတ် /ခရီးသွားရန်အတွက်ဆေးစစ်ခြင်း Yoma Group မှ အကုန်ကျခံ ဝန်ထမ်းမှ အကုန်ကျခံ ဝန်ထမ်းမှ အကုန်ကျခံ ဝန်ထမ်းမှ အကုန်ကျခံ
ပြည်တွင်းရှိ သီးသန့်ခွဲနေခြင်းနေရာများတွင် နေထိုင်ခြင်း Yoma Group မှ အကုန်ကျခံ ဝန်ထမ်းမှ အကုန်ကျခံ ဝန်ထမ်းမှ အကုန်ကျခံ ဝန်ထမ်းမှ အကုန်ကျခံ
သီးသန့်ခွဲနေခြင်းအတွက် ကုန်ကျစရိတ် /ခရီးသွားရန်အတွက်ဆေးစစ်ခြင်း အကုန်ကျခံရန်လို ဝန်ထမ်းမှ အကုန်ကျခံ ဝန်ထမ်းမှ အကုန်ကျခံ ဝန်ထမ်းမှ အကုန်ကျခံ
Covid-19 စစ်ဆေးမှုအတွက် ကုန်ကျစရိတ် အကုန်ကျခံရန်လို အကုန်ကျခံရန်လို အကုန်ကျခံရန်လို အကုန်ကျခံရန်လို
ခွင့်လက်ကျန်ခံစားခွင့် ကိုယ်ပိုင်ခွင့်ရက်သုံးရန်မလို ထိရောက်စွာ အလုပ်မလုပ်နိုင်ပါက လစာပေး (သို့) လစာမဲ့ခွင့် ထိရောက်စွာ အလုပ်မလုပ်နိုင်ပါက လစာပေး (သို့) လစာမဲ့ခွင့် ထိရောက်စွာ အလုပ်မလုပ်နိုင်ပါက လစာပေး (သို့) လစာမဲ့ခွင့်

(၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ နောက်ထုတ်ပြန်ချက်မတိုင်မီအထိ)

Covid-19 ကပ်ရောဂါ ကာလအတွင်း ဝန်ထမ်းများအတွက် အောက်ဖော်ပြပါ အပိုဆောင်းထောက်ပံ့ကြေးများကိုပေးအပ်ပေးသွားမည်။

၁) Covid-19 ကြောင့် ပြင်ပလူနာအဖြစ် ဆေးကုသမှုခံရပါက ဝန်ထမ်းတစ်ဦးလျှင် အများဆုံး ကုန်ကျစရိတ် ကျပ်ငွေ ၄၀၀,၀၀၀ အထိကို ၁၀၀% အပြည့်ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

၂) အတွင်းလူနာအဖြစ် ဆေးကုသမှုခံရပါက အောက်ပါအတိုင်း ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပါသည်။
က။ အတွင်းလူနာအဖြစ် ဆေးကုသမှုအတွက် ကျပ်ငွေ ၂,၀၀၀,၀၀၀ အထိကို ၁၀၀% အပြည့်ပြန်ပေးခြင်း။
ခ။ နောက်ထပ် ဆေးကုသမှုကုန်ကျစရိတ် ကျပ်ငွေ ၄,၀၀၀,၀၀၀ အတွက် ၅၀% ကို ပြန်ပေးခြင်း။

ဥပမာ - ဝန်ထမ်းတစ်ယောက်သည် Covid-19 ကြောင့် အတွင်းလူနာအဖြစ် ဆေးကုသရာ စုစုပေါင်း ကျပ်ငွေ ၆,၀၀၀,၀၀၀ ကုန်ကျသည်ဆိုပါစို့။ ပထမကုန်ကျစရိတ် ကျပ်သိန်း ၂,၀၀၀,၀၀၀ အတွက် အပြည့်ပြန်ပေးပြီး ကျန်သည့် ကုန်ကျစရိတ် ကျပ်ငွေ ၄,၀၀၀,၀၀၀ အတွက် ၅၀% ပြန်ပေးသည့်အတွက် စုစုပေါင်း ထောက်ပံ့ကြေးငွေ ကျပ်ငွေ ၄,၀၀၀,၀၀၀ ရရှိမည်ဖြစ်ပါသည်။