Yoma Health Insurance (MM Version)

“သင်ကျန်းမာမှ လူ့အဖွဲ့အစည်းလည်း ကျန်းမာမည်” “ကျန်းမာရေးကောင်းမှ ဘဝလည်းကောင်းမည်” ဆိုသည့် ဆောင်ပုဒ်များကို ကျန်းမာရေးအာမခံနှင့် ပက်သက်သည့်နေရာများတွင် ကြားဖူးကြပါလိမ့်မည်။ အာမခံဆိုသောအရာကို ကျွန်တော်တို့အများစု မလိုအပ်သေးသရွေ့ မစဉ်းစားမိကြပါ။ တကယ်လိုအပ်သောအချိန် ရောက်သည့်အခါ အသိနောက်ကျနေလေ့ရှိပြီး ထိုအချိန်တွင် ကျွန်တော်တို့အတွက် သင့်လျော်သည့် အာမခံများ မရှိဖြစ်နေတတ်ပါသည်။

သို့ရာတွင် အရမ်းစိတ်ပူနေရန် မလိုပါ။ ရိုးမအုပ်စု၏ အချိန်ပြည့်ဝန်ထမ်းတိုင်းအတွက် ကျန်းမာရေးအာမခံများ ထားရှိထားပါသည်။ ရိုးမအုပ်စုရှိ ဝန်ထမ်းများအားလုံးအတွက် ဆေးကုသမှုဆိုင်ရာ အကျိုးခံစားခွင့် မူဝါဒများကို လွန်ခဲ့သည့် နှစ်များကတည်းက ချမှတ်ပေးထားပြီးဖြစ်ပါသည်။

•             ရိုးမအုပ်စု၏ ဆေးကုသမှုဆိုင်ရာ ခံစားခွင့် – ဤခံစားခွင့်တွင် အတွင်းလူနာ၊ အပြင်လူနာအဖြစ် ဆေးကုသမှုများအပြင် အသက်အာမခံနှင့် ပတ်သက်သည့် ခံစားခွင့်များကိုပါ ဖော်ပြထားပါသည်။ သင်ဖျားနာလျင်၊ ဒါဏ်ရာရ အနာတရဖြစ်လျင် (သို့) ဆေးရုံတတ်ရောက်ရသည့် အခြေအနေများတွင် ဆေးကုသမှုကုန်ကျစရိတ်၏ တစိတ်တဒေသကို ကျခံပေးသွားမည်ဖြစ်ပါသည်။ လက်ရှိ ဆေးကုသမှုဆိုင်ရာမူဝါဒနှင့် ပတ်သက်ပြီး မကြာသေးမီက ပြန်လည်လေ့လာသုံးသပ်ခဲ့ကာ အကျိုးခံစားခွင့်များကိုလည်း ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။ လုပ်ငန်းစု၏ ဆေးကုသမှုဆိုင်ရာ ခံစားခွင့်များနှင့် ပက်သက်ပြီး အသေးစိတ် သိရှိလိုပါက Yoma Connect တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

•             COVID-19 အတွက် ဆေးကုသမှုဆိုင်ရာ ခံစားခွင့် ထပ်တိုးပေးခြင်း – ကျွန်တော်တို့၏ ရှိရင်းစွဲ ကျန်းမာရေးဆိုင်ရာ ခံစားခွင့်နှင့် အာမခံများအပြင် COVID-19 ကြောင့် အတွင်းလူနာနှင့် ပြင်ပလူနာအဖြစ် ကုသမှုများကိုပါ ထပ်မံထည့်သွင်းပေးထားပါသည်။ COVID-19 ဗိုင်းရပ်ပိုး ကူးစက်ခံရနိုင်ချေများသည့် ရှေ့တန်းနေရာများ – ဥပမာ YKKO ၊ KFC ၊ Kospa စသည့်နေရာများတွင် တာဝန်ထမ်းဆောင်နေသူများသည် ခံစားခွင့် ပိုမိုရရှိမှာ ဖြစ်ပါသည်။

•             ပန်းလှိုင်စီလုံဆေးရုံ၏ Viber မှတစ်ဆင့် ဆေးကုသမှုဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်း – အချင်းချင်း ခပ်ခွာခွာနေရေးကို အလေးထား ဆောင်ရွက်နေသည့် ယခုအချိန်တွင်  နေထိုင်မကောင်းဖြစ်ခြင်းများအတွက် နေအိမ်မှ ဘေးကင်းစွာ နေထိုင်၍ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည့် “Virtual Care” အစီအစဉ်ကို စီစဉ်ထားရှိပါသည်။  ထိုအစီအစဉ်သည် နေထိုင်မကောင်းသူများ (သို့) အရေးပေါ် ကုသမှုကို မလိုအပ်သော လူနာများသည် ဆေးရုံသို့ လာရန်မလိုဘဲ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်မှာဖြစ်ပါသည်။

ယခုကဲ့သို့ ဆေးကုသမှုဆိုင်ရာအတွက် အကျိုးခံစားခွင့်များ ရရှိခြင်းသည် ကောင်းသော်လည်း ကျန်းမာနေခြင်းသည် ပို၍ ကောင်းပါသည်။ ကျန်းမာရေးအာမခံနှင့် ပက်သက်သည့် အကျိုးခံစားခွင့်များအကြောင်းကို အသေးစိတ်သိရှိလိုပါက Yoma Connect (//52.220.87.101/) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး စုံစမ်းမေးမြန်းလိုသည်များအတွက် AskHR@yoma.com.mm သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။