Extending Work From Home Arrangement

#People2020 puts our employees at the forefront of all our decision making, and in this covid situation, the health and wellbeing of our employees is our greatest priority.

There is much uncertainty about whether the Stay Home notice will continue. Regardless, to ensure the health and safety of our staff, we have decided to extend the Work From Home (WFH) arrangement until 4May. Some entities have already decided to extend WFH until a later date, while arrangement will need to be different for front line staffs. Please check with your line manager to determine how your work may be impacted.

For anyone who needs to travel back to Yangon, we will provide a week’s notice prior to any further change so you can plan accordingly.

Covid will be with us for a while. Staffs should expect that some form of WFH arrangement in the next months. We will need a high degree of flexibility together to operate in these uncertain times.

We need to work hard to make WFH a success. To support remote working, we have developed guidelines to help our employees operate as effectively as possible. The “WFH The Yoma Way” guideline will be posted on Yoma Connect today. We have also established the WFH Wellness Centre which will have programs aimed at keeping staff engaged and motivated, and to ensure there is a support structure in place for staff that need assistance.

Stay Safe. Happy Thingyan! 

နေအိမ်မှာနေ၍ ရုံးအလုပ်လုပ်ခြင်းကို ရက်တိုးသတ်မှတ်ခြင်း

#People2020 ဆိုတဲ့အတိုင်း ကျွန်တော်တို့ရဲ့ ဆုံဖြတ်ချက် တစ်ခုချတိုင်း ဝန်ထမ်းတွေအတွက် အဓိက ဦးစားပေး စဉ်းစားပါတယ်။ ယခုလို Covid အခြေအနေမျိုးမှာလည်း ဝန်ထမ်းတွေရဲ့ ကျန်းမာလုံခြုံရေးက ကျွန်တော်တို့အတွက် အရေးကြီးဆုံးဖြစ်ပါတယ်။

နေအိမ်မှာဘဲ ဆက်နေရမလားဆိုတဲ့ ထုတ်ပြန်ချက်အပေါ် မရေရာ မသေချာမှုတွေ အများကြီးရှိနေပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် နေအိမ်မှာနေပြီး ရုံးအလုပ်လုပ်ရမည့် အစီအစဉ်ကို မေလ ၄ ရက်နေ့အထိ ရက်တိုးလုပ်ဆောင်သွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ တချို့ လုပ်ငန်းဌာနတွေကလည်း နေအိမ်မှာနေပြီး ရုံးအလုပ်လုပ်ခြင်းကို ဒီထက်မက ရက်တိုးသတ်မှတ်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအတွက်တော့ တစ်မျိုးစီစဉ်ရမှာ ဖြစ်ပါတယ်။ ကိုယ့်အလုပ်အပေါ် သက်ရောက်မှု ရှိ၊ မရှိကို မိမိမန်နေဂျာနှင့် စုံစမ်းမေးမြန်းနိုင်ပါတယ်။

တခြားမြို့မှ ရန်ကုန်သို့ ပြန်လာမည့် ဝန်ထမ်းများအနေနဲ့လည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်အောင် ကျွန်တော်တို့ဘက်မှ အပြောင်းအလဲရှိရင် တစ်ပတ်ကြို အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒီ Covid အခြေအနေကလည်း အချိန်တစ်ခုအထိ ရှိနေအုံးမှာ ဖြစ်တဲ့အတွက် ဝန်ထမ်းများအနေနှင့် နောက်လတွေအထိ နေအိမ်မှာနေပြီး ရုံးအလုပ် ဆက်လုပ်သွားရမယ်ဆိုတာကို ခန့်မှန်းထားနိုင်ပါတယ်။ အခုလို မသေချာ မရေရာတဲ့အချိန်မှာ လုပ်ငန်းဆောင်တာတွေကို ကျွန်တော်တို့အားလုံး လိုက်လျောညီထွေမှုရှိစွာ ဆက်လုပ်သွားဖို့ လိုအပ်ပါတယ်။

နေအိမ်မှာနေပြီး ရုံးအလုပ်လုပ်ခြင်းကို အောင်မြင်တဲ့ အစီအစဉ်တစ်ခုဖြစ်လာအောင် လုပ်ဖို့လိုပါတယ်။ ဝန်ထမ်းတွေ အဝေးကနေပြီး အလုပ်ကို ထိရောက်စွာ လုပ်ကိုင်နိုင်အောင် လမ်းညွှန်ချက်တွေကိုလည်း ထုတ်ပြန်ထားရှိပါတယ်။ “WFH The Yoma Way” ၏ လမ်းညွှန်ချက်များကို ဒီနေ့ Yoma Connect မှာ တင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းများကို စိတ်အားတက်ကြွပြီး လိုအပ်တဲ့ ပံ့ပိုးမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ WFH Wellness Centre ကိုဖွဲ့စည်းပြီး အစီအစဉ်များ ရေးဆွဲထားရှိပါတယ်။

အားလုံးဘဲ ဘေးကင်းပြီး ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ။